ရန်ကုန်တိုင်းဒေသကြီးအတွင်း မိုးစပါး ၁၁၄၈၂၂၂ ဧက စိုက်ပျိုးရန် လျာထားပြီး သုံးခွမြို့နယ်၌ ၁၅၃၆၆၇ ဧကဖြင့် အများဆုံးစိုက်ပျိုးမည်

နိုင်ငံတော်မှ စိုက်ပျိုးရေးကဏ္ဍကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယခုနှစ်မိုးရာသီ၌ ရန်ကုန်တိုင်းဒေသကြီးအတွင်း မိုးစပါး ၁၁၄၈၂၂၂ ဧကစိုက်ပျိုးရန်လျာထားပြီး တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအနက် သုံးခွမြို့နယ်တွင် ၁၅၃၆၆၇ ဧကဖြင့် အများဆုံးစိုက်ပျိုးလျက်ရှိကြောင်း တိုင်းဒေသကြီးစိုက်ပျိုးရေး ဦးစီးဌာနမှသိရသည်။ ၂၀၂၃ -၂၀၂၄ ခုနှစ်တွင် မိုးစပါးဧက ၁၁၄၅၀၀၀ လျာထားမှုအပေါ် ခရိုင်ပေါင်း (၉)ခရိုင်အတွင်းရှိ မြို့နယ်ပေါင်း (၁၈) မြို့နယ်၌ မိုးစပါး ၁၁၄၈၂၂၂ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ၂၀၂၄ -၂၀၂၅ ခုနှစ်တွင် မိုးစပါး ၁၁၄၈၂၂၂ ဧကစိုက်ပျိုးရန်လျာထားဆောင်ရွက်လျက်ရှိရာ တိုင်းဒေကြီးအတွင်း ဒုတိယ ဧကအများဆုံး မိုးစပါးစိုက်ပျိုးသော တိုက်ကြီးမြို့နယ်၌ ၁၂၇၈၉၃ ဧကနှင့် တတိယအများဆုံး စိုက်ပျိုးသော ခရမ်းမြို့နယ်၌ ၁၁၀၆၉၃ ဧက စိုက်ပျိုးထားကြောင်း သိရသည်။ နိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သော ရန်ကုန်မြို့တွင် … Continue reading ရန်ကုန်တိုင်းဒေသကြီးအတွင်း မိုးစပါး ၁၁၄၈၂၂၂ ဧက စိုက်ပျိုးရန် လျာထားပြီး သုံးခွမြို့နယ်၌ ၁၅၃၆၆၇ ဧကဖြင့် အများဆုံးစိုက်ပျိုးမည်